ဟန်ကျူး အာရှ အားကစားပွဲတော်ကို ၂၀၂၃ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အထိ ကျင်းပမည်

(GMT+08:00)2022-07-20 15:43:12  

ယခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှနေ ၂၅ ရက်နေ့အထိ ဟန်ကျူးမြို့၌ ကျင်းပရန် မူလက စီစဉ်ခဲ့သော ၂၀၂၂ ခုနှစ် ၁၉ ကြိမ်မြောက် အာရှ အားကစားပွဲတော်ကို ၂၀၂၃ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အထိကျင်းပမည်ဖြစ်ပြီး၂၀၂၂ ခုနှစ် ၁၉ ကြိမ်မြောက် အာရှအားကစားပွဲတော်ဟု ဆက်လက် အမည်ပေးထားကြောင်း အာရှ အိုလံပစ် ကောင်စီက ၁၉ ရက်နေ့က ကြေညာခဲ့သည်။