လားဟူလူမျိုးတို့ရဲ့ ဇာတိရွာကလေး(အပိုင်း-၆)

(GMT+08:00)2022-07-19 11:44:17  

         လားဟူလူမျိုးတို့ရဲ့ ဇာတိရွာကလေး ရေဒီယိုဇာတ်လမ်းဟာဆိုရင် တရုတ်ပြည် ယူနန်ပြည်နယ်မှာ နေထိုင်ကြတဲ့ လားဟူလူမျိုးတိုင်းရင်းသားဒေသများမှာ ဖြစ်ပျက်ခဲ့တဲ့ စိတ်ဝင်စားဖွယ် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးဆိုင်ရာ အဖြစ်အပျက်များကို အခြေခံပြီး ရေးဖွဲ့ထားပါတယ်။ ဂျူထန်၊ လောင်တာပေါင်၊ ရန်လော့၊ ရှီးမုန်၊ ဟွေအယ်ရွာ၊ မန်ရှင့်ရွာ စတဲ့ လားဟူလူမျိုးဒေသတွေမှာ အခြေခံ သဘာဝရင်းမြစ် ကောင်းမွန်ပြည့်စုံ ပေမယ့် ဆင်းရဲနွမ်းပါးမှုနှုန်း တခြားဒေသထက် ပိုနိမ့်ကျခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ တရုတ်အစိုးရက လားဟူလူမျိုးရွာတွေကို စေလွှတ်လိုက်တဲ့ တရုတ်ကွန်မြူနစ်ပါတီဝင် ကျူးယိုရုန် လားဟူလူမျိုးတို့ရဲ့ ဇာတိရွာကလေးကို ရောက်ရှိပြီးနောက် လားဟူလူမျိုးတွေအတွက် ခိုင်မာပြီး ထုတ်ကုန်အရည်အသွေးကောင်းမွန်တဲ့ ဒေသထုတ်ကုန်များတိုးတက်ရရှိဖို့ လားဟူလူမျိုးတွေနဲ့ ဘယ်လို ရုန်းကန် ကြိုးစားခဲ့ရသလဲဆိုတာကို သိရှိရမှာဖြစ်ပါတယ်။ ရွာသားတစ်ချို့က တရုတ်ကွန်မြူနစ်ပါတီဝင် ကျူးယိုရုန်ကို သဘောမကောင်းဘူးလို ပြောကြပါတယ်။ ဒီဇာတ်လမ်းထဲမှာ ကျူးယိုရုန်က ဘယ်လို လူမျိုးလဲ။ သဘောကောင်းသူလား၊ သဘောမကောင်းသူလား။ သူဘာကြောင့် သဘောမကောင်းသူ ဖြစ်ရတာလဲ။ တကယ်တော့ သူဟာ ကြက်ဥတစ်ခြမ်းစိတ်ဓာတ်နဲ့ ဂွမ်းစောင်တစ်ဝက် ပုံပြင်ကို စွဲမြဲစွာ မှတ်ထားပြီး လားဟူ လူမျိုးတွေရဲ့ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး ဆောင်ရွက်ချက်တွေကို ကြိုးစားဆောင်ရွက်နေသူတစ်ဦးလို့ ပြောလို့ရပါတယ်။ နောက်ဆုံးမှာတော့ ဆင်းရဲမှုပပျောက်သွားတဲ့ လားဟူလူမျိုးရွာကလေးကို ဒေသခံတွေ လက်ထဲအပ်ပြီး ကျူးယိုရုန်က တာဝန်ထမ်းဆောင်ဖို့ ဘယ်ကို ဆက်သွားဦးမလဲ။ စည်းလုံးညီညွတ်မှု၊ ဦးဆောင်မှုနဲ့၊ ဒေသ အရင်းအမြစ်ကို အားကိုးအားထားပြုပြီး လားဟူလူမျိုး တိုင်းရင်းသားတွေအတွက် ဆောင်ရွက်ခဲတဲ့ ဆင်းရဲမှုပပျောက်ရေး ဆောင်ရွက်ချက်က ဘယ်လိုပုံစံမျိုးလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေနဲ့အတူ စောင့်မျှော်နားဆင်ခံစားသိရှိရမှာမို့ “လားဟူလူမျိုးတို့ရဲ့ ဇာတိရွာကလေး” ဇာတ်လမ်းကို အခုပဲ ခံစား နားဆင်လိုက်ရအောင်ရှင်။ ဒီအစီအစဉ်ကို CRI မြန်မာပိုင်းအစီအစဉ်မှ စီစဉ်ထုတ်လွှင့်ခြင်းဖြစ်ပြီး ဇာတ်လမ်းရေးသားသူမှာ စုသက်မှူး (မရမ်းကုန်း) ဖြစ်ပါတယ်။