ရှန်ရှီးဆရာအတတ်သင်တက္ကသိုလ်သည် တက္ကသိုလ်ဝင်ခွင့်လက်မှတ်ကို ၁၆နှစ် ဆက်တိုက် စုတ်တံနဲ့ ရေးသားပေး

(GMT+08:00)2022-07-19 16:38:08  

၂၀၂၂ခုနှစ် ဇူလိုင်လ ၁၈ရက်နေ့က ရှန်ရှီး ဆရာအတတ်သင် တက္ကသိုလ်(ချမ်အန်းကျောင်း)တွင် ၂၀၂၂ခုနှစ် ကျောင်းသူကျောင်းသားသစ် တက္ကသိုလ်ဝင်ခွင့် လက်မှတ်ရေးသားခြင်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ အငြိမ်းစား ပါမောက္ခ ၁၀ဦးကျော် စုစည်းပြီး ယခုနှစ် ကျောင်းသူကျောင်းသား သစ်များအတွက် တက္ကသိုလ်ဝင်ခွင့်လက်မှတ် ရေးသားပေးကြသည်။ ယခုအကြိမ်သည် ယင်းတက္ကသိုလ်သည် ကျောင်းသူကျောင်းသားသစ်များအတွက် စုတ်တံလက်ရေးဖြင့် ရေးသားပေးခြင်းမှာ ၁၆ကြိမ်မြောက် ဖြစ်သည်။