“တရုတ်စံချိန်” ရထားလမ်းသည် လမ်းကြောင်း တစ်လျှောက်ရှိ အာရှ၊ အာဖရိက၊ ဥရောပ နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားသစ်ကို ထည့်သွင်း

(GMT+08:00)2022-07-19 16:32:33  

ယခုနှစ်များတွင် တရုတ်စံချိန်အတိုင်း ဒီဇိုင်းရေးဆွဲ ဖောက်လုပ်ထားသော ရထားလမ်းသည် အာရှ၊ အာဖရိက၊ ဥရောပ နိုင်ငံအသီးသီး၌ အဆက်မပြတ် တိုးချဲ့လာပြီး လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများ၏ စီးပွားလူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားသစ် ဆောင်ကြဉ်းလာကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ယခုနှစ် မတ်လက တရုတ်ရထားလမ်းနည်းပညာကိရိယာနှင့် ဥရောပသမဂ္ဂ ရထားလမ်း အပြန်အလှန်ဆက်စပ်ရေး နည်းပညာ စံချိန်စံညွှန်းတို့ ညီညွတ်အောင် ချိတ်ဆက်သော ပထမဆုံး လုပ်ငန်းဖြစ်သည့် ဟန်ဂေရီ-ဆားဗီးယား ရထားလိုင်း၏ ဆားဗီးယားပြည်တွင်း ဘဲဂရိတ်မှ Novi Sad အထိအပိုင်း စတင်လည်ပတ်ခဲ့ကြောင်း၊ ယင်းသည် ဆားဗီးယား၏ ပထမ အကြီးဆုံးမြို့ ဘဲဂရိတ် နှင့် ဒုတိယအကြီးဆုံးမြို့ Novi Sadအကြား မြန်နှုန်းမြင့်ရထား တိုက်ရိုက်လည်ပတ်ခြင်းကို ပထမဆုံးအကြိမ် အကောင်အထည်ဖော်ခဲ့ကြောင်း သတင်း ရရှိပါသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ နှင့် လာအိုနိုင်ငံ ဗီယင်ကျန်းကို ဆက်သွယ် ထားသော တရုတ်-လာအို ရထားလိုင်း စတင်လည်ပတ်ခဲ့သည် (၇)လကြာပြီးနောက် တရုတ်-လာအို-ထိုင်း ရထားလမ်း အပြန်အလှန် ဆက်စပ်ခြင်းသည် တရုတ်-လာအို စီးပွားရေးစင်္ကြံ ၊ တရုတ်-အာဆီယံ အေးအတူပူအမျှဖြစ်သည့် ကံကြမ္မာအသိုက်အဝန်း ထူထောင်ရေးအတွက် အားကိုးစိတ်ချရသော ပို့ဆောင်ရေးစွမ်းအားကို ပံ့ပိုးပေးခဲ့ကြောင်း သတင်း ရရှိပါသည်။