စာပို့သမား Zhao Yuefang

(GMT+08:00)2022-07-19 16:39:45  

Ewu စာတိုက်ရုံးဟာ တရုတ်နိုင်ငံ ဆန်စီပြည်နယ် Changzhi မြို့ Huguan ခရိုင် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၄၀၀ကျော်မြင့်တဲ့ ထိုက်ဟန်တောင်တန်းဒေသမှာ တည်ရှိပါတယ်။ အဲဒီစာတိုက်ရုံးဟာ အနီးတဝိုက်ရှိ တစ်ခုတည်းသောစာတိုက်ရုံးဖြစ်ပြီး Zhao Yuefang အလုပ်လုပ်တဲ့နေရာ ဖြစ်ပါတယ်။ ၂၆နှစ်အတွင်းမှာ စာပို့သမားZhao Yuefangဟာ ထိုက်ဟန်တောင်တန်းဒေသမှာ ကီလိုမီတာ ၃သိန်းကျော်ကို ဖြတ်ကျော်ပြီး စာအစောင်ရေ ၈သိန်းကျော်ကို ပို့ခဲ့ပါတယ်။ အနှစ်၂၀ကျော် မိုးဒဏ်လေဒဏ် အပင်ပန်းခံခဲ့ပြီး စာပို့သမား Zhao Yuefang  စီးခဲ့တဲ့ ဖိနပ်တွေ၊ ကျောပိုးခဲ့တဲ့ စာထည့်အိတ်တွေ မရေတွက်နိုင်လောက်အောင် များပြားလှပါတယ်။ ၂၀၁၅ခုနှစ်က Zhao Yuefangဟာ အမျိုးသားစံပြအလုပ်သမား ဂုဏ်ထူးဘွဲ့ထူးကို ရရှိခဲ့ပါတယ်။ Zhao Yuefang က ပျော်ရွှင်ကြည်နူးမိခဲ့ပါတယ်။ အဲဒါက ဂုဏ်ထူးဖြစ်သလို တာဝန်လည်းဖြစ်ပါတယ်။