ပါကစ္စတန် အရှေ့ပိုင်းတွင် လှေတိမ်းမှောက်သဖြင့် လူ ၁၉ ဦးထက်မနည်း သေဆုံး

(GMT+08:00)2022-07-19 16:43:54  

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် လှေတစ်စင်း တိမ်းမှောက်နစ်မြုပ်ခဲ့ ပြီး လူ၁၉ဦး ထက်မနည်း သေဆုံးပြီး အများအပြား ပျောက်ဆုံးနေကြောင်း ပါကစ္စတန်မီဒီယာမှ သတင်းကို ကိုးကား၍ ဆင်ဟွာသတင်းအရ သိရသည်။

ဒေသခံအရာရှိတစ်ဦးက ဇာတိပြန်ခရီးသည် ၄-၅ ဆယ်ထက်မနည်း သယ်ဆောင် ထားသော လှေတစ်စင်းသည် ပန်ဂျပ်ပြည်နယ် Sadigabadမြို့အနီးရှိ အိန္ဒိယ မြစ်ကြောင်းတွင် တိမ်းမှောက်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။