ကမ္ဘာသည် အငတ်ဘေးရှောင်ရန် ဆောင်ရွက်သင့်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ် ဆို

(GMT+08:00)2022-07-19 16:41:59  

ဒေသစံတော်ချိန် ယခုလ ၁၈ ရက်နေ့က ကုလသမဂ္ဂသည် ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်း ရင်ဆိုင်ရေး အဆင့်မြင့်အစည်းအဝေးကို ကျင်းပခဲ့သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ကမ္ဘာသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ ၄င်းထဲတွင် ရာသီဥတုပြောင်းလဲမှု၊ ကိုဗစ်-၁၉ ရောဂါအခြေအနေ၊ အချင်းပွားမှုနှင့် တနေ့တခြား ဆိုးရွားလာသော ငွေကြေးဖေါင်းပွမှုများ ပါဝင်ကြကြောင်း မိန့်ခွန်းပြောကြား ခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။

ဆက်လက်၍ ဂူတာရက်စ်က ယူကရိန်းမှ စားနပ်ရိက္ခာထုတ်လုပ်မှု၊ ရုရှားမှ စားနပ်ရိက္ခာနှင့် ဓာတ်မြေသြဇာကို ကမ္ဘာ့ဈေးကွက်တွင် ချက်ချင်း ပြန်လည်ထည့်သွင်းရန် နှင့် ကမ္ဘာ့ကုန်သွယ်ရေး ဆက်လက် တံခါးဖွင့်ထားရန် ဂူတာရက်စ်က ပန်ကြားခဲ့သည်ဟု သတင်းအရ သိရသည်။