တရုတ် ယူနန်မှ Zipline မိန်းကလေး တက္ကသိုလ်ဘွဲ့ရပြီးနောက် ဆရာဝန်ဖြစ်လာ

(GMT+08:00)2022-07-18 17:39:37  

Zipline မိန်းကလေးလို့ ခေါ်ဝေါ်တဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် နုကျန်မြစ် ဒေသခွဲက လီစူးလူမျိုးမိန်းကလေး Yu Yanqia ဟာ ပြီးခဲ့တဲ့ဇွန်လက ကူမင်းဆေးတက္ကသိုလ်မှာ ဘွဲ့ရပြီးနောက် ဇာတိရပ်ရွာကို ပြတ်ပြတ်သားသား ပြန်ရောက်ပြီး နုကျန်မြစ်  ဒေသခွဲ ပြည်သူ့ဆေးရုံမှာ ဆရာဝန်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။

မူလတန်းကျောင်း ပထမနှစ်ကစပြီး Yu Yanqia ဟာ နုကျန်မြစ် မျက်နှာချင်း ဆိုင်မှာရှိတဲ့ ကျောင်းကို တက်ဖို့ ကိုယ်နဲ့မခွာဆောင်ထားတဲ့ ကြိုးနဲ့ Ziplineကို စီးလေ့ ရှိပါတယ်။ Yu Yanqia က မိမိကြီးပြင်းလာရာမှာ စေတနာကောင်းသူများစွာရဲ့ ကူညီမှုကို ရရှိခဲ့တယ်။ နောင်မှာ မိမိအနေနဲ့ တခြားလူတွေကိုလည်း ကူညီချင်တယ်လို့ ပြောကြားခဲ့ပါတယ်။