ယူကရိန်းစစ်တပ်သည် ဂျာမဏီတွင် Flakpanzer Gepard လေယာဉ်ပစ် တင့်ကားများဖြင့် လေ့ကျင့်မှု စတင်

(GMT+08:00)2022-07-18 17:38:38  

အနည်းဆုံး ၁၀၀ ရှိသော ယူကရိန်းစစ်သားများသည် ဂျာမဏီနိုင်ငံတွင် Flakpanzer Gepard လေယာဉ်ပစ် တင့်ကားများဖြင့် လေ့ကျင့်မှု စတင်ခဲ့ပြီဟု ယူကရိန်း မီဒီယာက ၁၇ ရက်နေ့က ဖော်ပြခဲ့ပါသည်။ ဂျာမဏီသည် Flakpanzer Gepard တိုက်လေယာဉ်ပစ် တင့်ကား ၁၅ စီးနှင့် ခဲယမ်းမီးကျောက် ၆၀၀၀၀ နီးပါးကို ဇူလိုင်လ အလယ်ပိုင်းတွင် ယူကရိန်းသို့ ပို့ဆောင်မည်ဖြစ်ပြီး ကျန်ရစ်သော Flakpanzer Gepard လေယာဉ်ပစ်တင့်ကား ၁၅ စီးကို သြဂုတ်လကုန်တွင် ပို့ဆောင်မည်ဟု ခန့်မှန်းရကြောင်း ဂျာမဏီက ပြောကြားခဲ့ပါသည်။