ယူကရိန်းသည် ခရိုင်းမီးယားတံတားကို တိုက်ခိုက်နိုင်ဖွယ်ရှိကြောင်း ယူကရိန်းအရာရှိဆို

(GMT+08:00)2022-07-18 17:42:14  

ယူကရိန်းနိုင်ငံ လွတ်လပ်ရေးသတင်းအေဂျင်စီမှ သတင်းအရ ယူကရိန်းသမ္မတရုံး ညွန်ကြားရေးမှူး အတိုင်ပင်ခံ အာရက်စတိုဗစ်ခ်ျက နည်းပညာအခြေအနေအရ ဖြစ်နိုင်ခြေရှိသရွေ့ ယူကရိန်းဘက်မှ ခရိုင်းမီးယား တံတားကို တိုက်ခိုက်နိုင်ဖွယ်ရှိသည်ဟု ၁၆ ရက်နေ့က ပြောကြားခဲ့သည်။

ယင်းသည် ယူကရိန်းကာကွယ်ရေးဝန်ကြီး ရေနီကိုဖ် ပြီးနောက် ယူကရိန်းအရာရှိ၏ ဒုတိယအကြိမ် အလားတူ ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်ပါသည်။