ရှီကျင့်ဖိန်သည် ကမ္ဘာ့ အရေးကြီး လယ်ယာစိုက်ပျိုးရေး ယဉ်ကျေးမှု အမွေအနှစ် ညီလာခံထံ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2022-07-18 17:48:54  

ယခုလ ၁၈ရက်နေ့က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကမ္ဘာ့ အရေးကြီး လယ်ယာစိုက်ပျိုးရေး ယဉ်ကျေးမှု အမွေအနှစ် ညီလာခံထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာကို ပေးပို့သည်။

ရှီကျင့်ဖိန်က လူသားတို့သည် ရှည်လျားသည့် သမိုင်းကြောင်းတွင် ထွန်းလင်းတောက်ပသည့် လယ်ယာစိုက်ပျိုးရေး ယဉ်ကျေးမှုကို ဖန်တီးခဲ့ကြောင်း၊ လယ်ယာစိုက်ပျိုးရေး ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေးသည် လူသားတို့၏ ဘုံတာဝန်ဝတ္တရား ဖြစ်ကြောင်း၊ တရုတ်ပြည်သည် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် လယ်ယာစိုက်ပျိုးရေး ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးကို အတူတကွ အားဖြည့်ဆောင်ရွက်ပြီး စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ဂေဟစနစ်နှင့် သိပ္ပံနည်းပညာ စသည့် နယ်ပယ်များတွင် ၄င်း၏ တန်ဖိုးများကို တစ်ဆင့်တိုး ဖော်ထုတ်ကာ လူသား ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးလိုကြောင်း ဖော်ပြသည်။