ဂရိနိုင်ငံမြောက်ပိုင်းတွင် ပျက်ကျခဲ့သော ယူကရိန်းကုန်တင်လေယာဉ်၏ black box ကို တွေ့ရှိ

(GMT+08:00)2022-07-18 17:43:46  

ဂရိနိုင်ငံမြောက်ပိုင်း ကာဗာလာမြို့တွင် ပျက်ကျခဲ့သည့် ယူကရိန်း ကုန်တင်လေယာဉ်၏ black box ကို ဇူလိုင်လ ၁၆ ရက်နေ့ ညက တွေ့ရှိခဲ့သည်ဟု ဂရိနိုင်ငံ ရုပ်မြင်သံကြားဌာန၏ သတင်းကိုကိုးကား၍ China Media Groupမှ သတင်းအရ သိရပါသည်။

ပျက်ကျခဲ့သည့် An-12 ကုန်တင်လေယာဉ်သည် ခဲယမ်းမီးကျောက် ၁၁့၅ တန် တင်ဆောင်ထားကြောင်း ဂရိမြို့ပြလေကြောင်းဌာနက ပြောကြားသည်။ အဆိုပါ ကုန်တင်လေယာဉ်သည် ဆာဘီးယားနိုင်ငံမှ ထွက်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဦးတည်သွားခြင်းဖြစ်ပြီး လေယာဉ်ပေါ်ပါ အမှုထမ်း ၈ဦး စလုံး သေဆုံးခဲ့သည်ဟု သတင်းရရှိပါသည်။