Wentian စမ်းသပ်ရေး မော်ဂျူးနှင့် သယ်ဆောင်ဒုံးပျံကို ပေါင်းစပ်ပြီး လွှတ်တင်ရေး နေရာသို့ ပို့ဆောင်ရောက်ရှိ၊ မကြာမီတွင် အချိန်ရွေးပြီး လွှတ်တင်ရန် စီစဉ်ထား

(GMT+08:00)2022-07-18 17:36:48  

    တရုတ် လူပါ အာကာသ လုပ်ငန်းရုံးမှ သတင်းအရ ပီကင်း စံတော်ချိန် ယခုလ ၁၈ရက်နေ့က Wentian စမ်းသပ်ရေး မော်ဂျူးနှင့် သယ်ဆောင်ဒုံးပျံကို ပေါင်းစပ်ပြီး လွှတ်တင်ရေး နေရာသို့ ပို့ဆောင်ရောက်ရှိပြီ ဖြစ်ကြောင်း၊ ပြီးနောက် စီစဉ်ထားသည့် အတိုင်း မလွှတ်တင်မီတွင် စွမ်းဆောင်နိုင်မှု စစ်ဆေးရေး အရပ်ရပ်နှင့် ပူးတွဲ စမ်းသပ်မှုစသည်များကို ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။