ကမ်းစုပြည်နယ် ချင့်ချန်ခရိုင်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူအများအပြား ပိတ်မိနေပြီး မီးသတ် တပ်ဖွဲ့ အရေးပေါ် ကယ်ဆယ်

(GMT+08:00)2022-07-18 17:45:23  

ဇူလိုင်လ ၁၅ ရက်နေ့ မိုးလင်းပိုင်းကစပြီး တရုတ်ပြည် ကမ်းစုပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ ကမ်းစုပြည်နယ် သစ်တော မီးသတ်တပ်ဖွဲ့ချုပ်မှ ဖိန်လျောင် တပ်ခွဲသည် ရေဘေးဆိုင်ရာ အရေးပေါ် စီမံကိန်းကို စတင်ပြုလုပ်ခဲ့ပြီး ရေဘေး အပြင်းထန်ဆုံးသော ချင့်ချန်ခရိုင် ကျယ်ကျားဟိုရွာသို့ သွားရောက်ကာ ရေဘေးကယ်ဆယ်မှု ပြုလုပ်နေကြောင်း သတင်းအရ သိရပါသည်။