ရုရှားနိုင်ငံMagadanမြို့၌ နှစ်ပတ်လည် ရွှေကျင်ပြိုင်ပွဲကို ကျင်းပ

(GMT+08:00)2022-07-18 17:34:08  

ဒေသစံတော်ချိန် ဇူလိုင်လ ၁၇ ရက်နေ့က ရုရှားနိုင်ငံ Magadanမြို့၌ တစ်နှစ် တစ်ကြိမ် ရွှေကျင်ပြိုင်ပွဲကို ကျင်းပခဲ့ပါသည်။ ယင်းပြိုင်ပွဲကို ၁၅မိနစ်ကြာ ကျင်းပခဲ့သည်။ ရွှေကျင်ပြီး ရရှိသော ရွှေလုံးရေ ပမာဏအများဆုံးသော လက်ရွေးစင်သည် ဆုငွေ ရူဘယ် (၁)သန်း ရရှိနိုင်ပြီး ဒုတိယနှင့် တတိယဆုရှင်တို့သည် ရူဘယ် (၇)သိန်း နှင့် (၃)သိန်းအသီးသီး ရရှိနိုင်ပါသည်။