ကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Pompeo သည် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်၊ Trumpနှင့်ယှဉ်ပြိုင်ရန် ပြင်ဆင်နေ

(GMT+08:00)2022-07-18 17:42:55  

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Mike Pompeo သည် ၄င်း၏ အထက် ခေါင်းဆောင်ဟောင်း၊ ရီပတ်ဗလစ်ကန် ပါတီဝင် သမ္မတဟောင်း Trump နှင့်ယှဉ်ပြိုင်ရန် ပြင်ဆင်နေပြီး ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရပါသည်။

“British Times ”မှ ၁၆ရက်နေ့က ထုတ်ပြန်သောသတင်းအရ Pompeoသည် အမေရိကန် နေရာများစွာတွင် ဟောပြော မဲဆွယ်လှုပ်ရှားမှုများကို စတင်ပြုလုပ်ခဲ့ကြောင်း၊ အသက်၅၈နှစ် အရွယ် ဖြစ်သော Pompeoသည် အမေရိကန် ဗဟိုထောက်လှမ်းရေး ဌာနမှူးနှင့် သမ္မတTrump၏ သက်တမ်းအတွင်း နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း သိရပါသည်။