အာရှတိုက်၏ ပထမဆုံးသော ပရောဖက်ရှင်နယ် ကုန်တင်လေဆိပ် စတင်လည်ပတ်

(GMT+08:00)2022-07-18 17:44:34  

       ၆ နှစ်ကြာတည်ဆောက်ပြီးနောက် ဇူလိုင်လ ၁၇ ရက်နေ့က အာရှတိုက်၏ ပထမဆုံးသော ပရောဖက်ရှင်နယ် ကုန်တင်လေဆိပ်ဖြစ်သည့် တရုတ် ဟူပေပြည်နယ် အဲ့ကျူးမြို့ ဟွာဟူလေဆိပ်သည် တရားဝင် စတင်လည်ပတ်ခဲ့ကြောင်း၊ ယင်းလေဆိပ်သည် ကုန်စည်ပို့ဆောင်ရေးကို အဓိကထား ပြုလုပ်ပြီး ခရီးသည် တင်ပို့မှုလည်း ပြုလုပ်ပါကြောင်း၊ ဟွာဟူလေဆိပ်သည် တရုတ်ပြည် လက်ရှိ လေကြောင်း ကုန်စည်ပို့ဆောင်မှု ပုံစံကို ပြောင်းလဲပြီး“တစ်နိုင်ငံလုံးသို့ တစ်ရက်အတွင်း ပို့ဆောင်ပြီး ကမ္ဘာအနှံ့သို့ နောက်တစ်ရက်တွင် ပို့ဆောင်နိုင်ခြင်း”ကို အကောင်အထည် ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း သတင်းအရ သိရပါသည်။