ချွမ်းရှီး ကုန်းပြင်မြင့်မှ ခေတ်မီ နွားကျောင်းသားများ

(GMT+08:00)2022-07-18 17:47:53  

ပါကျိုနှင့် ဇနီး လိုရ်ကျိုမာတို့သည် စီချွမ်းပြည်နယ် အာပါ့ ဇန့် လူမျိုးနှင့် ချမ်းလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ လိုရ်ကိုင် ခရိုင်မှ ဇန့်လူမျိုး နွားကျောင်းသားများ ဖြစ်သည်။ သူတို့ မိသားစုမှာ လူ ၈ ဦး ရှိပြီး မြက်ခင်းပြင် တရုတ်ဧက ၂၀၀၀ ကျော်တွင် နွား ကောင်ရေ ၂၀၀ ကျော်ကို မွေးမြူထားပါသည်။

ပါကျို မိသားစုသည် နှစ်စဉ် နွား ၁၅ ကောင်နှင့် နွားနို့ ကီလိုဂရမ် ၅၀၀၀ ကို ရောင်းချပြီး ဝင်ငွေ ယွမ် ၁ သိန်းကျော် ရရှိပါသည်။ နှစ်စဉ် ဇွန်လနှင့် နိုဝင်ဘာလတွင် သူတို့မိသားစုသည် အခြေစိုက် နေထိုင်ရာနေရာသို့ ပြန်လာပြီး နှစ်လခန့် နေထိုင်သည်။ ကျန်အချိန်တွင် ဝေးလံရာ မြက်ခင်းပြင်၌ နွားများနှင့် အတူတူ နေလေ့ ရှိသည်။