မြောက်မက်ဆီဒိုးနီးယားလွှတ်တော်သည် ဥရောပသမဂ္ဂသို့ ဝင်ရောက်ခြင်းကိစ္စကို အမြန်ဆုံး စတင်ဆွေးနွေးရန် ပြင်သစ်အဆိုပြုချက်ကို အတည်ပြုခဲ့

(GMT+08:00)2022-07-17 14:15:10  

မြောက်မက်ဆီးဒိုးနီးယားနှင့် ဘူလ်ဂေးရီးယားတို့အကြား အငြင်းပွားမှုများကို ဖြေရှင်းရန် ရည်ရွယ်သည့် ပြင်သစ်အဆိုပြုချက်ကို မြောက်မက်ဆီဒိုးနီးယားပါလီမန်က ဇူလိုင်လ ၁၆ ရက်နေ့တွင် မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ပြီး မြောက်မက်ဆီးဒိုးနီးယားသည် ဥရောပသမဂ္ဂသို့ ဝင်ရောက်ခြင်းကိစ္စကို ဥရောပသမဂ္ဂနှင့် တတ်နိုင်သမျှ အမြန်ဆုံး စတင် ဆွေးနွေးနိုင်ရန်  ဆောင်ရွက်ခဲ့ပါသည်။

ဇူလိုင်လ ၁၄ရက်နေ့တွင် ဥရောပသမဂ္ဂကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလီယန်က မြောက်မက်ဆီဒိုးနီးယားလွှတ်တော်တွင် မိန့်ခွန်းပြောကြားရာတွင် မြောက်မက်ဆီဒိုးနီးယားသည် အခွင့်အလမ်းကို စွဲကိုင်ပြီး မဲခွဲဆုံးဖြတ်ခြင်းဖြင့်  ပြင်သစ် အဆိုပြုချက်ကို အတည်ပြုလျှင် နောက်တစ်ပတ်တွင် ဥရောပသမဂ္ဂသို့ ဝင်ရောက်ခြင်း ကိစ္စကို ဥရောပသမဂ္ဂနှင့် စတင်ဆွေးနွေးရန် အခွင့်အလမ်းရှိမည် ဖြစ်ကြောင်း၊ ပြင်သစ်အဆိုပြုချက်သည် မြောက်မက်ဆီဒိုးနီးယား၏ အကျိုးစီးပွားကို ရှင်းရှင်းလင်းလင်း ကာကွယ်ပေးပြီး ဘက်အသီးသီးအကြား ကွဲလွဲမှုများကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။