အီရန်သည် အကြမ်းဖက် အဖွဲ့အား အားပေးထောက်ခံသော အမေရိကန် အရာရှိနှင့် ပုဂ္ဂိုလ်များကို ပြစ်တင်

(GMT+08:00)2022-07-17 12:50:21  

    ဒေသ စံတော်ချိန် ယခုလ ၁၆ရက်နေ့က အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ခဲ့ရာ အကြမ်းဖက် အဖွဲ့အား အားပေးထောက်ခံသော အမေရိကန် အရာရှိနှင့် ပုဂ္ဂိုလ်များကို ပြစ်တင်ရှုတ်ချပြီး သက်ဆိုင်ရာ အရေးယူမှု အမည်စာရင်းသစ်ကို ထုတ်ပြန်ကျင့်သုံးကြောင်း ဖော်ပြသည်။ ၄င်းကြေညာချက်တွင် အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် လူ့အခွင့်အရေး ကျူးလွန်မှုနှင့် ၄င်းဒေသတွင် အမေရိကန်၏ အကြမ်းဖက်မှု လုပ်ရပ်များကိုအခြေခံသည့် People's mujahedin ဟူသော အကြမ်းဖက် အဖွဲ့အား အားပေးထောက်ခံပြီး ကြော်ငြာရန် ကူညီပံ့ပိုးသည့် အမေရိကန် အရာရှိနှင့် ပုဂ္ဂိုလ် အချို့၏ နာမည်ကို ဖော်ပြသည်။ ထို့ကြောင့် အီရန်သည် အရေးယူမှု အမည်စာရင်းသစ်ကို ထုတ်ပြန်ကျင့်သုံးသည်။