ဆီးရီးယားတွင် တရားမဝင် အခြေစိုက်သော ကန် စစ်တပ်သည် ယခုလ၌ ဆီးရီးယား ရေနံကို တတိယအကြိမ် ခိုးယူ

(GMT+08:00)2022-07-17 12:51:54  

ယခုလ ၁၆ ရက်နေ့က ဆီးရီးယား အမျိုးသား သတင်းဌာနမှ ထုတ်ပြန်သည့် သတင်းအရ ဆီးရီးယား အရှေ့မြောက်ပိုင်း ဟာဆယ်ခ်ပြည်နယ်တွင် တရားမဝင် အခြေစိုက်သော ကန်စစ်တပ်သည် သံချပ်ကာကားကို အကာအကွယ်ယူပြီး ရေနံတင်ကားနှင့် ထရပ်ကား အပါအဝင် ကား အစီး ၄၀ ဖြင့် ဆီးရီးယားမှ ခိုးယူသော ရေနံနှင့် လက်နက်အချို့ကို အီရတ် မြောက်ပိုင်းဒေသသို့ ထပ်မံ သယ်ဆောင်ခဲ့ကြောင်း၊ ယင်းသည် ယခုလအတွင်း တတိယအကြိမ်မြောက် ဖြစ်ကြောင်း ဖော်ပြသည်ဟု သတင်းအရ သိရပါသည်။