ဟေတီ ဂိုဏ်းများ အကြား အချင်းပွားမှု ဖြစ်ပွားခြင်းကြောင့် လူ ၁၀၀ခန့် သေဆုံး၊ ကုလသည် အကြမ်းဖက်မှုကို ရပ်စဲရန် ပန်ကြား

(GMT+08:00)2022-07-17 12:48:30  

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် ယခုလ ၁၅ရက်နေ့က ဆုံးဖြတ်ချက် တစ်ရပ်ကို တညီတညွတ်တည်း အတည်ပြု ပြဋ္ဌာန်းခဲ့ရာ ဟေတီ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထွေထွေ ရေးရာရုံး၏ တာဝန်သက်တမ်းကို ၂၀၂၃ခုနှစ် ဇူလိုင်လ ၁၅ရက်နေ့အထိ တိုးမြှင့်မည်ဟု ဖော်ပြပြီး ဂိုဏ်းများနှင့် ပြစ်မှုကျူးလွန်မှုများကို အားပေးထောက်ခံသည့် (သို့) ပါဝင်သည့် နိုင်ငံမဟုတ်သော ဆောင်ရွက်သူ များအား အငယ်စားနှင့် အပေါ့စား လက်နက်များနှင့် ခဲယမ်းမီးကျောက်များ တင်ပို့ခြင်းကို ပိတ်ပင်ရန် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများအား ပန်ကြားသည်။

ယခုလ ၇ရက်နေ့က ဟေတီ နိုင်ငံ Port-au-Princeမြို့တော်တွင် ဂိုဏ်း၂ဂိုဏ်း အကြား ရပ်ကွက်တစ်ခု၏ ထိန်းချုပ်မှု အတွက် အချင်းပွားမှု ဖြစ်ပွားခဲ့ပြီး ယခုအထိ နှစ်ဖက် တိုက်ခိုက်သည်မှာ ၁ပတ်ကျော်ကြာ ရှိပြီဖြစ်ကြောင်း သိရသည်။ ကုလသမဂ္ဂမှ သတင်းအရ ယင်းအချင်းပွားမှုကြောင့် လူ ၉၉ဦး သေဆုံးပြီး ၁၃၅ဦး ဒဏ်ရာရရှိကာ လူ ၃သိန်းခန့် ပိတ်မိနေကြောင်း သိရသည်။