စားနပ်ရိက္ခာဖူလုံမှုနှင့် ငွေကြေးဖောင်းပွမှုကို ရင်ဆိုင်ရန် ပူးပေါင်းဆောင်ရွက်လိုကြောင်း G20 ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ ပန်ကြား

(GMT+08:00)2022-07-17 14:14:48  

G20 အုပ်စု ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ဇူလိုင်လ ၁၆ ရက်နေ့က ကျင်းပပြီးစီးခဲ့ပါသည်။ အစည်းအဝေးတွင် စားနပ်ရိက္ခာဖူလုံမှုနှင့် ငွေကြေးဖောင်းပွမှု ရင်ဆိုင်ရန် ပူးပေါင်းဆောင်ရွက်ရေး စသည့် ကိစ္စရပ်များအပေါ် သဘောတူညီမှုများ ရရှိခဲ့သည်။

အစည်းအဝေးအပြီးတွင် အင်ဒိုနီးရှားဘဏ္ဍာရေးဝန်ကြီး Indra Bahiaက သတင်းစာ ရှင်းလင်းပွဲကို ကျင်းပရာတွင် အဖွဲ့ဝင်နိုင်ငံများသည် စားနပ်ရိက္ခာဖူလုံရေး မြှင့်တင်ခြင်း၊ ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ရင်ဆိုင်ရေးဆိုင်ရာ ငွေရှာဖွေစုဆောင်းရေးစနစ်ကို ထူထောင်ခြင်း၊ တစ်ကမ္ဘာလုံး အကောက်ခွန်ဆိုင်ရာ သဘောတူညီချက်ရရှိရန် ကြိုးပမ်း ဆောင်ရွက်ခြင်း၊ သန့်ရှင်းသောစွမ်းအင်နှင့် ရာသီဥတုပြောင်းလဲမှု ရင်ဆိုင်ရေးအတွက် ငွေရင်းဆွဲဆောင်ခြင်း အပါအဝင် ကဏ္ဍများတွင် သဘောတူညီမှုများ ရရှိခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာကြီးသည် စိန်ခေါ်မှု များစွာကို ရင်ဆိုင်နေရပြီး ဘက်အသီးသီး တို့သည် မယုံကြည်မှု ပြဿနာကို ကျော်လွှားရန် လိုအပ်ပါကြောင်း၊ စားနပ်ရိက္ခာဖူလုံရေး၊ စွမ်းအင်၊ ရာသီဥတုပြောင်းလဲမှုနှင့် ကိုဗစ်-၁၉ ရောဂါစသည့် ပြဿနာများကြား အပြန်အလှန် ဆက်စပ်နေ၍ ကမ္ဘာကြီးသည် ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး မည်သည့်နိုင်ငံမဆို ကမ္ဘာ့စိန်ခေါ်မှုများကို နိုင်ငံတစ်နိုင်ငံတည်းဖြင့် ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။