ကျောဟိုကုမြို့နယ်၌ ယဉ်ကျေးမှုကူးလူးဖလှယ်ရေး၏အနှစ်သာရကို ခံစား

(GMT+08:00)2022-07-16 17:24:29  

ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ထူလူဖန်းမြို့ ကျောဟိုကုမြို့နယ်သို့ ရောက်ရှိပြီး ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အသုံးပြုရေးအခြေအနေကို သိရှိရန် လေ့လာခဲ့ ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ကျောဟိုကုမြို့နယ်သည် ထူလူဖန်းမြို့၏ အနောက်ပိုင်း ဆင်ခြေဖုံး (၁၀)ကီလိုမီတာခန့် ဝေးသောနေရာ၌ တည်ရှိကြောင်း၊ အကျယ်အဝန်း စုစုပေါင်း စတုရန်း မီတာ (၃)သိန်း (၇)သောင်း (၆)ထောင် ရှိကြောင်း၊ ကမ္ဘာပေါ်တွင် အပြည့်ဝဆုံး ထိန်းသိမ်းကာကွယ်ထားသော၊ တည်ရှိသောအချိန် အကြာဆုံးသော၊ အတိုင်းအတာ အကြီးဆုံးသော မြေကြမ်းဖြင့် တည်ဆောက်သည့် ရှေးဟောင်းအဆောက်အအုံမြို့ ဖြစ်ကြောင်း၊ ၂၀၁၄ခုနှစ်က ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ် အမည်စာရင်းထဲတွင် ထည့်သွင်း ခဲ့ကြောင်း သတင်းရရှိပါသည်။