မက္ကဆီကို စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် ပျက်ကျ၊ လူ ၁၄ဦး သေဆုံး

(GMT+08:00)2022-07-16 17:34:57  

မက္ကဆီကို စစ်ဘက်မှ ယခုလ ၁၅ရက်နေ့က ထုတ်ပြန်ချက်အရ စစ်ဘက်ဆိုင်ရာရဟတ်ယာဉ် တစ်စင်းသည် ထိုနေ့က မက္ကဆီကို အနောက်မြောက်ပိုင်းSinaloaပြည်နယ်တွင် ပျက်ကျခဲ့သောကြောင့် လူ၁၄ဦးထက် မနည်း သေဆုံးခဲ့ရကြောင်း သိရသည်။

ထိုနေ့တွင် ၄င်းရဟတ်ယာဉ်သည် မက္ကဆီကို မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု အုပ်စု(Cartel) ခေါင်းဆောင် Rafael Caro Quinteroအား ဖမ်းဆီးမှု တာဝန်ကို ဆောင်ရွက်နေကြောင်း၊ အမေရိကန် အထူးလှိျု့ဝှက်အေးဂျင့်ကို သတ်ဖြတ်သည်ဟု သံသယရှိခြင်းကြောင့် Quinteroကို ထောင်ဒဏ် ကျခံစေရန် စီရင်ချက် ချခဲ့ဖူးသည်။