အနုပညာဖြင့် ကျေးလက်တောရွာကို ပြန်လည် ရှင်သန်အားကောင်းစေ

(GMT+08:00)2022-07-16 17:30:50  

ဟိုနန်ပြည်နယ်၊ချန်ဟိုရွာသည် ရေနှင့် လျှပ်စစ်မီး ပြတ်လပ်မှုနှင့် ခရီးသွားလာမှု ခက်ခဲဝေးလံသော တောင်ပေါ်ကျေးရွာတစ်ရွာဖြစ်သည်။ ၂၀၁၅ ခုနှစ်က အိုးခွက် ဖန်တီးမှုတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သော မြေထည်ပန်းချီဆရာ ကိုအက်ဟိုသည် ချန်ဟိုရွာသို့ ရောက်လာပြီး အနုပညာရှင်တစ်ဦး၏ အမြင်ဖြင့် ဤရွာလေးကို ပြန်လည် လေ့လာသုံးသပ်ပြီး ဒီဇိုင်းရေးဆွဲခြင်းဖြင့် ချန်ဟိုရွာကို အနုပညာဆန်ဆန်"မြေအိုးရွာ" အဖြစ် တည်ဆောက်လာခဲ့သည်။