ကန်နှင့် ရုရှား နိုင်ငံတကာအာကာသစခန်းနှင့် ပျံသန်းမှုကို ပြန်လည် ပူးပေါင်း ဆောင်ရွက်မည်ဟု ကန် NASAဆို

(GMT+08:00)2022-07-16 17:29:48  

ဒေသစံတော်ချိန် ဇူလိုင်လ ၁၅ ရက်နေ့က အမေရိကန် NASAက အမေရိကန်သည် ရုရှားနှင့် နိုင်ငံတကာ အာကာသစခန်းနှင့် ပျံသန်းမှုကို ပြန်လည် ပူးပေါင်း ဆောင်ရွက်မည်ဟု ပြောကြားခဲ့ပါသည်။

NASAက ရုရှားဘက်နှင့် စာချုပ် ချုပ်ဆိုခဲ့ရာ နိုင်ငံတကာ အာကာသစခန်းသို့ ပျံသန်းမည့် အာကာသယာဉ်များကို ပြန်လည် ညှိနှိုင်းပြီး ရုရှားအာကာသယာဉ်မှူးများအား အမေရိကန်မှ ထုတ်လုပ်သော အာကာသယာဉ်ကို စီးခွင့်ပြုကာ အမေရိကန် အာကာသ ယာဉ်မှူးများ သည်လည်း  ရုရှား၏ “Soyuz” အာကာသယာဉ်ကို စီးခွင့် ရှိကြောင်း ပြောကြားခဲ့ပါသည်။