ရှီကျင့်ဖိန် ရှင်းကျန်းတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုလေ့လာ

(GMT+08:00)2022-07-15 13:20:43  

ဇူလိုင်လ ၁၂ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် ရှင်းကျန်း တက္ကသိုလ်သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ပါသည်။

ရှင်းကျန်းတက္ကသိုလ်သည် First-class Universities and Disciplines of the World တည်ဆောက်နေသော ကျောင်းတစ်ကျောင်းဖြစ်ပါသည်။ ရှင်းကျန်း တက္ကသိုလ် သည် အစမူလမှာ ၁၉၂၄ ခုနှစ်က ဖွဲ့စည်းတည်ထောင်ခဲ့သည့် ရှင်းကျန်း ရုရှားဘာသာ တရားရေးနှင့် နိုင်ငံရေးအထူးသင်ကျောင်းဖြစ်ပါသည်။

ရှင်းကျန်းတက္ကသိုလ်တွင် စီးပွားရေးပညာနှင့် တရားဥပဒေပညာ စသည့်ပညာရပ် အမျိုးအစား ၉ မျိုးရှိပါသည်။ လက်ရှိအချိန်တွင် နိုင်ငံတော်အဆင့် အဓိကပညာရပ် ၂ ခု ရှိပြီး နိုင်ငံတော်အဆင့် အဓိကပြုစုပျိုးထောင်ရေးပညာရပ် ၁ ခုရှိကာ First-class Universities and Disciplines of the World အဓိကတည်ဆောက်ရေးပညာရပ် ၃ ခု ရှိပါသည်။

ရှင်းကျန်းတက္ကသိုလ်သည် ပိုးလမ်းမကြီးစီးပွားရေးဇုန်တွင် ထူးခြားချက်လက္ခဏာ ပါရှိသော First-class တက္ကသိုလ်ကိုတည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။