ရှီကျင့်ဖိန်သည် ရှင်းကျန်း ၀ူလူမူချီ နိုင်ငံတကာကုန်းတွင်းဆိပ်ကမ်းသို့ လေ့လာကြည့်ရှု

(GMT+08:00)2022-07-15 13:17:41  

ဇူလိုင်လ ၁၂ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် ရှင်းကျန်း ၀ူလူမူချီ နိုင်ငံတကာ ကုန်းတွင်း ဆိပ်ကမ်းသို့ လေ့လာကြည့်ရှုခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။

ဝူလူမူချီ နိုင်ငံတကာကုန်းတွင်းဆိပ်ကမ်းသည် ၀ူလူမူချီ စီးပွားရေး နည်းပညာ ဖွံ့ဖြိုးရေးဇုန်၌ တည်ရှိပြီး၊ စီစဉ်ထားသောဧရိယာအကျယ်အဝန်းသည် ၆၇ စတုရန်း ကီလိုမီတာဖြစ်သည်။ ၎င်းသည် ပိုးလမ်းမကြီးစီးပွားရေး ခါးပတ်တည်ဆောက်ရေးအတွက် ဘက်စုံ တံခါးဖွင့် နိုင်ငံတော်ကုန်စည်စီးဆင်းမှု ဗဟိုအချက်အချာလည်းဖြစ်၊ နိုင်ငံတကာထောက်ပံ့ရေးကွင်းဆက် အဖွဲ့အစည်း၏ ဗဟိုအချက်အချာလည်းဖြစ်၊ တရုတ် (ရှင်းကျန်း)လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်၏ ဗဟိုအချက်အချာလည်းဖြစ် သည်ဟု သတင်းအရ သိရသည်။