ရှီကျင့်ဖိန်သည် ရှင်းကျန်း ကုန်ထုတ်လုပ်မှုနှင့် တည်ဆောက်ရေးတပ်ဖွဲ့စု ပြတိုက်သို့ လေ့လာကြည့်ရှု

(GMT+08:00)2022-07-15 13:24:15  

   ဇူလိုင်လ ၁၃ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ရှင်းကျန်း ရှီဟိုဇီမြို့ရှိ ကုန်ထုတ်လုပ်မှုနှင့် တည်ဆောက်ရေး တပ်ဖွဲ့စု ပြတိုက်သို့ လေ့လာကြည့်ရှုခဲ့ပါသည်။

ရှီဟိုဇီမြို့သည်  မူလတုန်းက လူဦးရေ ရှားပါးပြီး ဂိုဘီ သဲကန္တာရရိုင်း တစ်ခု ဖြစ်သည်။ ၁၉၅၀ ပြည့်နှစ်တွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အမှတ်(၂၂) တပ်ဖွဲ့စု သည် ယင်းနေရာသို့ သွားရောက်ပြီး နှစ်ပေါင်း ၇၀ ကျော်ကြာ ကုန်ထုတ်လုပ်မှုနှင့် တည်ဆောက်မှုများကို ဆက်တိုက် ပြုလုပ်ကာ သဲကန္တာရကို အိုအေစစ်အဖြစ် ပြောင်းလဲ စေခဲ့ပါသည်။