ယူကရိန်း ဆိုင်ရာ အမေရိကန်သံရုံး လုံခြုံရေးသတိပေးချက် ထုတ်ပြန်

(GMT+08:00)2022-07-15 16:26:01  

ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးသည် ၁၄ ရက်နေ့က လုံခြုံရေးသတိပေးချက် ထုတ်ပြန်ခဲ့ပြီး ယူကရိန်းနိုင်ငံတွင် လုံခြုံရေးအခြေအနေမှာ မှန်းဆရခက်နေသေးသဖြင့် ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအနေနှင့် အမေရိကန်နိုင်ငံသားများအား ယူကရိန်းနိုင်ငံသို့ မဝင်ရောက်ရန်နှင့် ယူကရိန်းရှိ အမေရိကန်နိုင်ငံသားများအား ကိုယ်ပိုင်ကားဖြင့် ယူကရိန်းမှ ချက်ချင်းထွက်ခွာရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။