အမေရိကန်နောက်လိုက်ပြီး လုပ်ဆောင်တာကြောင့် ဥရောပသားတို့ဟာ “လွတ်လပ်စွာ ရေချိုးခွင့်” တောင် ဆုံးရှုံးတော့မယ်

(GMT+08:00)2022-07-15 13:15:43  

   ဇူလိုင်လ ၁၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရုရှားမှ ဥရောပသို့ သဘောဝဓါတ်ငွေ့ ပို့လွှတ်တဲ့ ပင်မပိုက်လိုင်း Beixi-1 မှာ သဘာဝဓါတ်ငွေ့ ပို့လွှတ်မှုကို ယာယီ ရပ်ဆိုင်း ထားတယ်။ ယခုအချိန်ဟာ ဥရောပရဲ့ ဆောင်းတွင်းကာလအတွက် သဘာဝ ဓါတ်ငွေ့များ သို့လှောင်တဲ့ အချိန်ကာလ ဖြစ်ပြီး Beixi-1 သဘာဝဓါတ်ငွေ့ ပို့လွှတ်မှုကို ယာယီ ရပ်ဆိုင်းခြင်းဟာ ဥရောပ တစ်ခုလုံးမှာ စိုးရိမ်ပူပန်မှုများ ဖြစ်လာစေပါတယ်။

   ရုရှားနဲ့ ယူကရိန်း ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့နောက်ပိုင်း ဥရောပက အမေရိကန် နောက်လိုက်ပြီး ရုရှားအား အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့တယ်။ ရုရှားက ဥရောပအား သဘာဝဓါတ်ငွေ့ ပို့လွှတ်မှုကို လျှော့ချပြီး ဥရောပမှာ သဘာဝဓါတ်ငွေ့ ဈေးနှုန်း တိုးမြင့် လာခဲ့တယ်။ စွမ်းအင်အကျပ်အတည်းကြောင့် ဥရောပနိုင်ငံသားတို့ဟာ မတတ်နိုင်ဘဲ ပိုက်ဆံကို ချွေချွေတာတာ သုံးကြရတယ်။ ယခုလည်း ဥရောပနိုင်ငံများက Beixi-1 သဘာဝဓါတ်ငွေ့ ပို့လွှတ်မှု လုံးဝ ပြတ်တောက်နိုင်မလားလို့ စိုးရိမ်နေကြတယ်။

တစ်ချိန်တည်းမှာ စွမ်းအင်အကျပ်အတည်းကြောင့် ဖြစ်စေတဲ့ ငွေကြေးဖောင်းပွမှုဟာ ဥရောပတစ်ခုလုံးမှာ လွှမ်းခြုံထားပြီး ဇူလိုင်လ ၁၂ ရက်နေ့မှာ ယူရိုနဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းဟာ 1:1 အထိ ကျဆင်းလာပြီး နှစ် ၂၀ အတွင်း အနိမ့်ဆုံးပဲ ဖြစ်လာပါတယ်။ ဥရောပ နိုင်ငံသားများဟာ ရုရှားနဲ့ ယူကရိန်း ပဋိပက္ခရဲ့ အကြီးဆုံး ဒဏ်ခံရသူတွေ ဖြစ်လာနေကြောင်း၊ အမေရိကန်နောက်လိုက်ပြီး လုပ်ဆောင်တာကြောင့် ဥရောပ နိုင်ငံသား များဟာ “လွတ်လပ်စွာ ရေချိုးခွင့်” တောင် ဆုံးရှုံးတော့မှာ ဖြစ်ကြောင်း လူအချို့က ပြောကြပါတယ်။

တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှုဟာ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ ပြောင်းပြန်ပြီးတော့ ပြဿနာ အသစ်တွေ ဖြစ်ပေါ်စေနိုင်မည်သာ ဖြစ်ပါတယ်။ ဥရောပ နိုင်ငံရေး သမားတို့ အနေနဲ့ ဥရောပနိုင်ငံသားများကို နွေးထွေးစွာ ဆောင်းတွင်းကူးစေနိုင်ဖို့ အတွက် အမေရိကန် နောက်လိုက်ပြီး လမ်းကြောင်းမှားပေါ်မှာ ပြေးနေတာကို ရပ်တန့်သင့်ပြီလို့ China Media Group မှ သတင်း ဆောင်းပါးတစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။