ရှီကျင့်ဖိန်သည် ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဝူလူမူချီမြို့သို့ လေ့လာကြည့်ရှု

(GMT+08:00)2022-07-15 13:13:01  

ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းမှ ၁၃ ရက်နေ့ နံနက်ပိုင်းအထိ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးရှီကျင့်ဖိန်သည် ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဝူလူမူချီမြို့၌ ရှင်းကျန်းတက္ကသိုလ်၊ ဝူလူမူချီနိုင်ငံတကာကုန်းတွင်းဆိပ်ကမ်း၊ ဝူလူမူချီ ကုယွမ်ရှန့်လူနေရပ်ကွက်နှင့် ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပြတိုက်များသို့ သွားရောက်လေ့လာကြည့်ရှုပြီး ရှင်းကျန်း၌ လူကောင်းလူတော် လူရည်ချွန်များ ပျိုးထောင်ခြင်း၊ ကပ်ရောဂါကာကွယ်ထိန်းချုပ်ခြင်း၊ စီးပွားလူမှုရေးဖွံ့ဖြိုးတိုးတက်ခြင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တွန်းအားပေးခြင်းနှင့် တရုတ်လူမျိုးများ၏ အသိုက်အဝန်း ခိုင်မာ စေခြင်း စသည့် နယ်ပယ်အသီးသီးမှ အခြေအနေများကို လေ့လာကြည့်ရှုခဲ့ကြောင်း သတင်းအရ သိရပါသည်။