ရှင်းကျန်း အလှ

(GMT+08:00)2022-07-15 12:33:28  

      ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ သည် ဧရိယာစတုရန်းကီလိုမီတာ ၁.၆၆ သန်းကျယ်ဝန်းပြီး အမြဲတမ်း လူဦးရေ ၂၅.၈၅ သန်းရှိသည်။ ၂၀၂၁ ခုနှစ်တွင် ဒေသတွင်း မြို့ပြနှင့် ကျေးလက် နေထိုင်သူများ၏ တစ်ဦးချင်း ပျမ်းမျှ ဝင်ငွေသည် ၂၀၂၀ ပြည့်နှစ်ထက် ၈ ရာခိုင်နှုန်းနှင့် ၁၀.၈ ရာခိုင်နှုန်းအသီးသီး တိုးများလာခဲ့ပါသည်။ မြို့ပြ အလုပ်အကိုင် နေရာထားမှုပမာဏသည် ၄သိန်း၇သောင်း၇ထောင်အသစ်တိုးများလာ ပါသည်။ ဒေသတွင်းရှိ တိုင်းရင်းသားပေါင်းစုံမှ ပြည်သူများသည် သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးရရှိရန်အတွက် လက်တွဲကြိုးပမ်းပြီး ပိုမိုကောင်းမွန်သော ဘဝနေထိုင်မှုကို မျှဝေခံစားနေကြသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။