ပြင်သစ် အမျိုးသားနေ့ စစ်ရေးပြအခမ်းအနားကျင်းပ

(GMT+08:00)2022-07-15 16:37:02  

ဒေသစံတော်ချိန် ဇူလိုင်လ ၁၄ ရက်နေ့နံနက်ပိုင်းက ပြင်သစ်နိုင်ငံ၌ အမျိုးသားနေ့ စစ်ရေးပြအခမ်းအနားကိုကျင်းပခဲ့ရာ ပြင်သစ်သမ္မတမက်ကရွန်သည် ပါရီမြို့ရှိ Champs-Elysees လမ်း၌ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ယခုအကြိမ် စစ်ရေးပြအခမ်းအနားတွင် လူ ၆၃၀၀ ဦး၊ လေယာဉ် ၆၄ စင်း၊ မောင်းသူမဲ့လေယာဉ် ၁ စင်း၊ ရဟတ်ယာဉ် ၂၅ စင်း၊ မြင်းအကောင် ၂၀၀ နှင့် မော်တော်ယာဉ် ၁၈၁ စီးတို့ ပါဝင်ကြောင်း သတင်းအရ သိရပါသည်။