ရှီကျင့်ဖိန်သည် ရှင်းကျန်း ရှိဟိုဇီမြို့၌ လေ့လာကြည့်ရှု

(GMT+08:00)2022-07-15 13:23:33  

    ဇူလိုင်လ ၁၃ ရက်နေ့ညနေပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ရှီဟိုဇီမြို့သို့ သွားရောက်ပြီး ရှင်းကျန်း ကုန်ထုတ်လုပ်မှုနှင့် တည်ဆောက်ရေးတပ်ဖွဲ့စု ပြတိုက်၊ ရှီဟိုဇီမြို့ရှိ တပ်မ-၈ မှ ၁၄၃ တပ်ရင်းကြီးသို့ လေ့လာကြည့်ရှုခဲ့ပါသည်။ ရှင်းကျန်း ကုန်ထုတ်လုပ်မှုနှင့် တည်ဆောက်ရေးတပ်ဖွဲ့စုကို ၁၉၅၄ ခုနှစ် အောက်တိုဘာလတွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှ အပ်နှင်း ထားသော ငြိမ်းချမ်းမှု ထိန်းသိမ်းရေးနှင့် နယ်ခြားစောင့်ကြပ်ရေး တာဝန်များကို ထမ်းဆောင်ခြင်း ဖြစ်သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။