ယခုနှစ် ဒုတိယနှစ်ဝက်တွင် စီးပွားရေး ပြန်လည်တိုးတက်ရေး အရှိန်ကောင်းကို ဆက်လက် ထိန်းသိမ်းနိုင်မည်ဟု တရုတ်နိုင်ငံတော် စာရင်းအင်း ဦးစီးဌာန ဆို

(GMT+08:00)2022-07-15 16:21:04  

   ယခုလ ၁၅ ရက်နေ့က ကျင်းပခဲ့သည့် တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံး၏ သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံတော် စာရင်းအင်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖူလင်ဟွေးက၊ ယခုနှစ် ပထမ နှစ်ဝက်တွင် နိုင်ငံတကာ ရှုပ်ထွေးပွေလီသော အခြေအနေ နှင့် ပြည်တွင်း ကူးစက်ရောဂါကြောင့် တရုတ်ပြည် စီးပွားရေးသည် ဂယက်ရိုက်ခတ်မှု အသင့်အတင့် ခံခဲ့ရကြောင်း၊ ယခုနှစ် ဒုတိယ ၃ လပတ်တွင် တရုတ်စီးပွားရေး တိုးတက်မှုကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ လက်ရှိတွင် ပြည်တွင်း စီးပွားရေး ပြန်လည်တိုးတက်ရေးတွင် မသေချာမရေရာသော အကြောင်းရပ်များ ရှိနေသေး သော်လည်း တရုတ်ပြည်စီးပွားရေး၏ ရေရှည်တိုးတက်ရေးအခြေခံ ပြောင်းလဲခြင်း မရှိကြောင်း၊ စီးပွားရေး တည်ငြိမ်စေရေးနှင့် မြှင့်တင်ရေး မူဝါဒများ ဖေါ်ဆောင် လာသည့်နှင့်အမျှ ယခုနှစ် ဒုတိယနှစ်ဝက်တွင် စီးပွားရေး ပြန်လည်တိုးတက်ရေး အရှိန်ကောင်းကို ဆက်လက် ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။