အမေရိကန်-အစ္စရေးခေါင်းဆောင်များသည် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီး အစ္စရေး လုံခြုံရေးကိစ္စများကို အာရုံစိုက်

(GMT+08:00)2022-07-15 16:24:11  

ဒေသစံတော်ချိန် ယခုလ ၁၄ ရက်နေ့ညနေပိုင်းတွင် အစ္စရေးနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော အမေရိကန်သမ္မတဘိုင်ဒန်သည် အစ္စရေးဝန်ကြီးချုပ် လာပီတယ်နှင့် အမေရိကန်-အစ္စရေး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဂျေရုဆလင် ပူးတွဲ ကြေညာချက်ကို အတူလက်မှတ်ရေးထိုးခဲ့ကြောင်း၊ ယင်းကြေညာချက်တွင် အမေရိကန်-အစ္စရေး ဆက်ဆံရေး၏အရေးပါမှုနှင့် အစ္စရေးအပေါ် အမေရိကန်၏ လုံခြုံရေး ကတိပြုချက်များကို အလေးထားဖော်ပြခဲ့ကြောင်း၊ အမေရိကန်သည် အစ္စရေးနှင့် အရင်က ချုပ်ဆိုထားသည့် စစ်ဘက်ဆိုင်ရာထောက်ပံ့မှုများ သဘောတူညီချက်ကို အပြည့်အဝ အကောင်အထည်ဖော်ရန်လည်း ကတိပြုကြောင်း China Media Group မှ သတင်းအရ သိရပါသည်။