ရှီကျင့်ဖိန်သည် ရှီဟိုဇီမြို့ရှိ တပ်မ-၈ မှ ၁၄၃ တပ်ရင်းကြီးသို့ လေ့လာကြည့်ရှု

(GMT+08:00)2022-07-15 13:25:18  

ဇူလိုင်လ ၁၃ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ရှင်းကျန်း ရှီဟိုဇီမြို့ရှိ တပ်မ-၈ မှ ၁၄၃ တပ်ရင်းကြီးသို့ လေ့လာကြည့်ရှုခဲ့ပါသည်။

    ၁၄၃ တပ်ရင်းကြီးသည် ၁၉၅၀ ပြည့်နှစ်တုန်းက ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ပြီး စုစုပေါင်းလူဦးရေ ၃ သောင်း ၆ ထောင် ၇ ရာ ရှိကာ တိုင်းရင်းသားလူမျိုးစု ၂၁ စု ပါဝင် ပါသည်။ တပ်ရင်းကြီးသည် မက်မွန်သီး၊ ဝါဂွမ်း စိုက်ပျိုးခြင်း၊ မွေးမြူရေး၊ ခရီးသွားလာရေး စသည့် လုပ်ငန်းများကို လုပ်ဆောင်ကာ ၂၀၂၁ ခုနှစ်တွင် ကုန်ထုတ်လုပ်မှု စုစုပေါင်း ပမာဏမှာ ယွမ် သန်း ၂၀၆၀ ရှိ၍ ၂၀၂၀ ပြည့်နှစ်ကထက် ၂၅့ ၁ ရာခိုင်နှုန်း တိုးများလာပါသည်။