အီရန်နျူကလီးယားသဘောတူညီချက်ကို ပြန်လည်ဖေါ်ဆောင်ရန် မျှော်လင့်သော်လည်း ထာဝရ စောင့်ဆိုင်းမည်မဟုတ်ကြောင်း ဘိုင်ဒန်ဆို

(GMT+08:00)2022-07-15 16:22:58  

ဒေသစံတော်ချိန် ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်းတွင် အစ္စရေးနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော အမေရိကန်သမ္မတဘိုင်ဒန်သည် အစ္စရေးဝန်ကြီးချုပ် လာပစ်ဒ်နှင့် ပူးတွဲ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။

ဘိုင်ဒန်က အမေရိကန်အစိုးရသည် အီရန်နှင့် နျူကလီးယားသဘောတူညီချက်ကို ပြန်လည်ဖော်ဆောင်ရန် မျှော်လင့်ကြောင်း၊ သို့သော် ထာဝရ စောင့်ဆိုင်းမည် မဟုတ်ကြောင်း သတိပေး ပြောကြားခဲ့ပါသည်။ အမေရိကန်သည် အီရန်နိုင်ငံအား ယင်းသဘော တူညီချက်သို့ ပြန်လည်ဝင်ရောက်ရန် နောက်ဆုံးရက် သတ်မှတ်ထားခြင်းရှိမရှိ ဆိုသည်ကို ဘိုင်ဒန်ကဖေါ်ပြရန် ငြင်းဆိုခဲ့သည်။

ဘိုင်ဒန်ကသံတမန်ဆက်ဆံရေးသည် အီရန်နျူကလီးယား ပြဿနာကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ယုံကြည်နေဆဲဖြစ်သလို အမေရိကန်သည် အစ္စရေး အတွက် ၎င်း၏ လုံခြုံရေးကတိကဝတ်များကို စွဲကိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက အလေးအနက် ပြောကြားခဲ့ပါသည်။