ရှီကျင့်ဖိန် ဝူလူမုချီမြို့တွင် ကြည့်ရှုလေ့လာ

(GMT+08:00)2022-07-15 13:22:24  

ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဝူလူမုချီမြို့သို့ သွားရောက်ကြည့်ရှု လေ့လာ ခဲ့ပါသည်။ ၄င်းမှာ ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံကျင်းပပြီးနောက် ရှီကျင့်ဖိန် ၏ ဒုတိယအကြိမ် ရှင်းကျန်း ခရီးစဉ် ဖြစ်ပါသည်။

၂၀ ရာစု ၈၀ ခုနှစ်များတွင် ရှီကျင့်ဖိန်သည် ရှင်းကျန်းသို့ သွားရောက် ခဲ့ဖူးပါသည်။ ၂၀၀၃ ခုနှစ်၊ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တွင် ရှီကျင့်ဖိန် သည် ရှင်းကျန်း သို့ ၃ ကြိမ် သွားရောက်ခဲ့ဖူးပါသည်။

ယခုအကြိမ် ဝူလူမုချီမြို့တွင် ရှီကျင့်ဖိန် သည် တက္ကသိုလ်ကျောင်းတစ်ကျောင်း၊ အပြည်ပြည် ဆိုင်ရာ Dry Port Area တစ်ခု၊ လူနေရပ်ကွက်တစ်ခုနှင့် ပြတိုက်တစ်ခုသို့ ရှေ့ဆင့် နောက်ဆင့် ကြည့်ရှုလေ့လာခဲ့ပါသည်။ ရှီကျင့်ဖိန် ၏ ယခုအကြိမ် ရှင်းကျန်းခရီးစဉ်မှာ တရုတ်အစိုးရမှ ရှင်းကျန်းဒေသကို စီမံခန့်ခွဲရေးစီမံကိန်းနှင့် နည်းဗျူဟာအပေါ် အလေးထားအာရုံစိုက်မှု ကို ပြသနေပါသည်။