နိုင်ငံရပ်ခြားက အာဏာသိမ်းမှုတွေမှာ ပါဝင် စီစဉ်ပေးတဲ့ အမေရိကန် နိုင်ငံရေး သမားများကို ဥပဒေအရ ပြစ်ဒဏ်ပေး အရေးယူသင့်တယ်

(GMT+08:00)2022-07-15 12:49:58  

အမေရိကန် ယခင်ထရန့်အစိုးရရဲ့ နိုင်ငံတော် လုံခြုံရေး လက်ထောက်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ ဘော်တွန်က ၁၂ ရက်နေ့မှာ အမေရိကန်မီဒီယာရဲ့ အင်တာဗျူးကို ဖြေကြားရာမှာ အခြားနိုင်ငံရဲ့ အာဏာသိမ်းမှုမှာ ကူညီ စီစဉ်ပေးခဲ့ဖူးတယ်လို့ ဝန်ခံ ပြောဆိုခဲ့တယ်။ ဘော်တွန်က ဘယ်အာဏာသိမ်းမှုတွေ စီစဉ်ပေးခဲ့ဖူးသလဲ ဆိုတာကို အသေးစိတ် ဖေါ်ပြခြင်း မရှိပေမယ့် ၂၀၁၉ ခုနှစ်က ဗင်နီဇွဲလားမှာ ဖြစ်ပွားခဲ့တဲ့ နောက်ဆုံး မထမြောက်ခဲ့တဲ့ အာဏာသိမ်းမှုကို ပြောမိခဲ့တယ်။

ကြာရှည်တဲ့ကာလအတွင်း အမေရိကန်က ကိုယ့်ကိုယ်ကိုယ် တစ်ကမ္ဘာလုံးဆိုင်ရာ ရဲကြီးအဖြစ် သဘောထားပြီး အခြားနိုင်ငံတွေရဲ့ အာဏာသိမ်းမှုများကို အကြိမ်ကြိမ် ပါဝင်စီစဉ်ခဲ့ခြင်း ဖြစ်ရပ်ဟာ စောစောကပဲ လျှို့ဝှက်စရာ မဟုတ်တော့ပါဘူး။ အမေရိကန် နိုင်ငံရေးသမားတို့က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အကြောင်းပြချက်နဲ့ နိုင်ငံတကာ ဥပဒေနဲ့ နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူကို လျစ်လျူရှုပြီး အခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်တာနဲ့ အခြားနိုင်ငံရဲ့ အာဏာပိုင်ကို တွန်းလှန်တာဟာ အကြွင်းမဲ့ မှန်ကန်သော လောကပါလတရားပဲဖြစ်တယ်လို့ အမြဲ ယူဆကြတယ်။ ၂၀၀၈ ခုနှစ်က Al Jazeera ရဲ့ အင်တာဗျူးကို ဖြေကြားခဲ့တုန်းကလည်း ဘော်တွန်က နိုင်ငံခြား အာဏာသိမ်း မှုကို စီစဉ်ခြင်းဟာ တစ်ခါတလေ အမေရိကန်ရဲ့ အကျိုးစီးပွားကို တွန်းအားပေးဖို့ လိုအပ်တဲ့ နည်းလမ်း ဖြစ်တယ်လို့ ဆိုခဲ့ဖူးတယ်။

၂၀ ရာစုကစပြီး အမေရိကန်က လက်တင်အမေရိကမှာ အောင်ခဲ့တဲ့ သို့မဟုတ် မအောင်ခဲ့တဲ့ အာဏာသိမ်းမှု ဆယ်ပေါင်းများစွာကို စီစဉ်ခဲ့ဖူးတယ်။ ကာတို သုတေသန ဌာနမှ ဒီနှစ် ဧပြီလက ဖေါ်ပြချက်အရ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း အမေရိကန်က လေ့ကျင့် ပေးတဲ့ စစ်အရာရှိများက အနောက်အာဖရိကမှာ အနည်းဆုံး အာဏာသိမ်းမှု လေးကြိမ်ကို စီစဉ်ခဲ့ဖူးတယ်။ အမေရိကန် နိုင်ငံရေးသမားတို့က နိုင်ငံခြားမှာ အာဏာသိမ်းမှု စီစဉ်တဲ့ နည်းလမ်းတွေဟာ စစ်ပွဲကို တိုက်ရိုက် ပြုလုပ်ခြင်း၊ colour revolution ပြုလုပ်ခြင်း၊ Proxy war ပြုလုပ်ခြင်းတို့ ပါဝင်ပါတယ်။

အမေရိကန်က ကမ္ဘာ့ မတည်မငြိမ်မှုများ ဖြစ်စေတဲ့ အကြောင်းရင်း ဖြစ်ပြီး ဘော်တွန် အပါအဝင် အမေရိကန် နိုင်ငံရေးသမားတို့ဟာ အဲဒီ မတည်မငြိမ်မှုများကို လက်တွေ့ကျ ဖန်တီး ပြုလုပ်သူတွေပဲ ဖြစ်တယ်။ သူတို့ဟာ ကုလသမဂ္ဂ အဖွဲ့အစည်းမှ စုံစမ်းစစ်ဆေးမှုနဲ့ ပြစ်ဒဏ်ပေး အရေးယူမှုကို ခံသင့်တယ်။ သူတို့ ကြွားဝါနေတဲ့ အတွေ့အကြုံ ဆိုတာဟာ ငြင်းလို့မရတဲ့ သက်သေပဲ ဖြစ်တယ်လို့ China Media Group မှ သတင်း ဆောင်းပါးတစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။