ရှီကျင့်ဖိန်သည် "Manas" ပုံပြောတေးဆိုခြင်းကို ကြည့်ရှု

(GMT+08:00)2022-07-15 13:14:11  

       တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ၁၃ ရက်နေ့ နံနက်ပိုင်းက ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပြတိုက်သို့ ရောက်ရှိပြီး ဂီလ်ဂ်ဇ်လူမျိုး သူရဲကောင်းသမိုင်း ကဗျာရှည်"Manas" ပုံပြောတေးဆိုခြင်းကို ကြည့်ရှုခဲ့ပါသည်။ ရှီကျင့်ဖိန်က တရုတ်ယဉ်ကျေးမှုသည် ကျယ်ပြန့်လေးနက်ပြီး ရှည်လျားသော သမိုင်း ရေသောက်မြစ် ရှိကာ တိုင်းရင်းသားလူမျိုးစု အားလုံး၏ ယဉ်ကျေးမှုများ ပေါင်းစပ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ Manas ကဲ့သို့သော ယဉ်ကျေးမှု အမွေအနှစ်များသည် တိုင်းရင်းသားလူမျိုးစုအတွက်ရော တရုတ်အမျိုးသား အတွက်ပါ တန်ဖိုးကြီးဓနများ ဖြစ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းကာကွယ် ဆက်ခံရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။