ဖခင်ကိုကယ်တင်ဖို့ ဦးရေပြားကို လှူမယ်၊ "အဖေအသက်ရှုနေသရွေ့ ကယ်တင်မယ်"

(GMT+08:00)2022-07-15 16:35:26  

မကြာသေးမီက ၁၉၉၅ ခုနှစ်နောက်ပိုင်းမွေးဖွားသော တရုတ်နိုင်ငံ ဟိုနန်ပြည်နယ် ရှင်းရှန်းမြို့က လူငယ်လေး Li Hongxing သည် သူ၏ ဦးရေပြားကို ဖခင်ဖြစ်သူထံ မဆိုင်းမတွ အစားထိုးကုသပေးခဲ့သည်။ သူက “အဖေရဲ့အသက်ကိုကယ်နိုင်သရွေ့ သားအရေခွံတွေ တတ်နိုင်သလောက် လှူမယ်”လို့ ပြောကြား သည်။

ပထမဆုံးအကြိမ် အရေပြားကူးဆက်ခွဲစိတ်မှုက အဆင်ပြေပါသည်။ ခွဲစိတ်ပြီးနောက် Li Hongxing အခြေအနေ ပြန်လည်ကောင်းမွန်လာပြီး သူ့အဖေလည်း နိုးလာသည်။ နောက်ဆက်တွဲတွင် Li Hongxing သည် ဒုတိယအကြိမ် ဦးရေပြားလှီးခြင်းကို ခံရမည်ဖြစ်သည်။ သူက နာရင်လည်း သည်းခံရမယ်၊ မိမိက ငယ်ငယ်ရွယ်ရွယ်နှင့် ဝေဒနာကိုခံနိုင်ရည်ရှိတယ်၊ အဖေနေကောင်းရင် ပြီးရော”ဟုဆိုသည်။