ယူကရိန်းအလယ်ပိုင်းဗီနီတယ်စာမြို့တွင် ဒုံးကျည်တိုက်ခိုက်မှုခံရ

(GMT+08:00)2022-07-15 16:25:01  

ဒေသစံတော်ချိန် ယခုလ ၁၄ ရက်နေ့မနက်ပိုင်းက ရုရှားစစ်တပ်သည် ယူကရိန်း အလယ်ပိုင်း ဗီနီတယ်စာမြို့ရှိ ရုံးခန်းအဆောက်အအုံနှင့် အနီးတဝိုက်ရှိ နေအိမ် အဆောက်အအုံ များကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပြီး အနီးတွင် မီးလောင်မှုဖြစ်ပွါးခဲ့ကြောင်း၊ ထိုအချိန်တွင်  ယာဉ်အစီးရေ ၅၀ ခန့် မီးလောင်ပြီး မီးသတ်သမားများသည် မီးသတ်ခဲ့သည်ဟု ယူကရိန်း နိုင်ငံတော်သတင်းဌာနက သတင်းထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။