ရှင်းကျန်း ဝေဂါ ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ ပြတိုက်သို့ ရှီကျင့်ဖိန် လေ့လာကြည့်ရှု

(GMT+08:00)2022-07-15 13:19:46  

ဇူလိုင်လ ၁၃ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ရှင်းကျန်း ဝေဂါကိုယ်ပိုင် အုပ်ချုပ်ရေးဒေသပြတိုက်သို့ သွားရောက်လေ့လာကြည့်ရှုခဲ့ပါသည်။ ရှင်းကျန်း ဝေဂါ ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသပြတိုက်သည် ရှင်းကျန်းသမိုင်းဝင်ပစ္စည်းများ စုစည်းထိန်းသိမ်းထားပြီး ရှင်းကျန်း ဒေသ၏ ထူးခြားသော သမိုင်းယဉ်ကျေးမှုများကို ပြသထားသော အနုပညာ နန်းတော်တစ်ခု ဖြစ်ပါသည်။ ပြတိုက်၏ ဧရိယာ အကျယ်အဝန်းသည် စတုရန်းမီတာ ၄ သောင်း ၉ ထောင် ၆ ရာရှိပြီး ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းနှင့် နမူနာပစ္စည်းများ စုစုပေါင်း ၂ သောင်း ၅ ထောင် ကို စုစည်းထိန်းသိမ်းသိုလှောင်ထားပါသည်။