ရှီကျင့်ဖိန်သည် ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ထူလူဖန်မြို့သို့ သွားရောက် လေ့လာကြည့်ရှု

(GMT+08:00)2022-07-15 15:47:05  

        ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ၊ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးရှီကျင့်ဖိန်သည် ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ထူလူဖန် မြို့သို့ သွားရောက်ပြီး စပျစ်သီးစိုက်ခင်း၊ ကောချမ်းခရိုင်ရှိ ရှီးမန်ရွာနှင့် ကျော်ဟို မြို့ဟောင်းသို့ လေ့လာကြည့်ရှုကာ ဒေသန္တရ လက္ခဏာပါသော လုပ်ငန်းရပ်များ၊ ကျေးလက်ဒေသ ရှင်သန်ရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းကာကွယ်အသုံးချရေးစသည်တို့ကို လေ့လာခဲ့သည်။