ဟိုနန်ပြည်နယ် ကျေးရွာဘဏ်များအရေးကို သက်ဆိုင်ရာတို့ တုံ့ပြန်ဆောင်ရွက်ပေး

(GMT+08:00)2022-07-14 17:10:24  

   ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံတော်ကောင်စီ သတင်း ပြန်ကြားရေးရုံးသည် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ပြီး ၂၀၂၂ ခုနှစ် ပထမ နှစ်ဝက်တွင် ငွေရေးကြေးရေး အခြေအနေကို ရှင်းလင်းမိတ်ဆက်ခဲ့ပါသည်။

   သတင်းစာရှင်းလင်းပွဲမှ သတင်းအရ ဟိုနန်ပြည်နယ် ကျေးရွာဘဏ်များ အန္တရာယ် ဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီးနောက် တရုတ်ပြည်သူ့ဘဏ်သည် ဒေသခံ အစိုးရနှင့် ကြပ်မတ်ရေး ဌာနများ တက်ကြွစွာ ပူးပေါင်းပြီး သင့်တော်စွာ ကိုယ်တွယ်ဖြေရှင်းပေးကာ ငွေရေး ကြေးရေး အန္တရာယ် တိုင်းတာရေးနှင့် အရေးပေါ် အာမခံပေးရေးလုပ်ငန်းကို ထိရောက်စွာ ဆောင်ရွက်နေကြောင်း သိရပါသည်။

   ဟိုနန်ပြည်နယ် ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်း ကြီးကြပ်စီမံခန့်ခွဲရေးဌာန၊ ဒေသခံ ငွေရေးကြေးရေး ကြီးကြပ်စီမံခန့်ခွဲရေးဌာနများသည် ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် သက်ဆိုင်ရာ အမှုအခင်းများ စုံစမ်းစစ်ဆေးခြင်းနှင့် ငွေရင်းပိုင်ဆိုင်မှု ပြန်လည် သိမ်းယူခြင်း အခြေအနေအရ၊ ယူကျိုးရှင်းမင်ရှင် ကျေးရွာဘဏ်၊ ရှန့်ဆိုက်ဟွေ့မင် ကျေးရွာဘဏ် အစရှိသော ကျေးရွာဘဏ်များမှ ဘဏ်အကောင့်တွင် မပါဝင်သူ များ၏ ငွေအရင်းများကို အမျိုးနှင့်အသုတ်ခွဲပြီး အရင်း စိုက်ထုတ်ပေးရေး လုပ်ငန်းကို ဆောင်ရွက်မည် ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။