တရုတ်ပြည်၏ နိုင်ငံခြားကုန်သွယ်မှု ဖိအားများကို ကျော်လွှားပြီး အားကောင်းစွာ တိုးတက်လာ

(GMT+08:00)2022-07-14 16:20:11  

   ဒီလ ၁၃ ရက်နေ့ နံနက်ပိုင်းမှာ တရုတ် အကောက်ခွန်ဌာနချုပ်က ဒီနှစ် ပထမ နှစ်ဝက်ပိုင်းမှာ သွင်းကုန်ပို့ကုန် ပမာဏများကို ထုတ်ပြန်ခဲ့ပါတယ်။ သွင်းကုန်ပို့ကုန် စုစုပေါင်း ပမာဏဟာ ယွမ် ဘီလီယံ ၁၉၈၀၀ ကျော် ရှိပြီး ပြီးခဲ့တဲ့နှစ် အလားတူ အချိန်ပိုင်းကထက် ၉့ ၎ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ အဲဒါတွေထဲမှာ ပို့ကုန် ပမာဏ ၁၃့ ၂ ရာခိုင်နှုန်း တိုးလာပြီး သွင်းကုန် ပမာဏ ၄့ ၈ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ အထူးသဖြင့် ဇွန်လမှာ ပို့ကုန် တိုးတက်မှုနှုန်းဟာ အမေရိကန် ဒေါ်လာနဲ့ တွက်ပါက ၁၇့ ၉ ရာခိုင်နှုန်း ရှိပြီး ပြည်တွင်းပြည်ပ ဈေးကွက်ဆိုင်ရာ အဖွဲ့အစည်း အများစုရဲ့ ခန့်မှန်းချက်ထက် ပိုများ ပါတယ်။

   ဒီနှစ် ဧပြီလမှာ ရှင်ကျင့်မြို့နဲ့ ရှန်ဟိုင်းမြို့ အပါအဝင် အရေးကြီးတဲ့ နိုင်ငံခြား ကုန်သွယ်မှုဇုန် ဖြစ်တဲ့ ကျူးကျန်းမြစ် မြစ်ဝကျွန်းပေါ်ဒေသနဲ့ ယန်စီမြစ် မြစ်ဝကျွန်းပေါ် ဒေသများမှာ ကူးစက်ရောဂါ ပြန်လည် ဖြစ်ပွားခဲ့ပြီး ဧပြီလရဲ့ သွင်းကုန်ပို့ကုန် အခြေအနေ ကို ထိခိုက်မှု ဖြစ်စေခဲ့ပါတယ်။ တရုတ်အစိုးရက ကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ နာလန်ပြန်ထူရေးလုပ်ငန်းကို ကောင်းမွန် ထိရောက်စွာ ဆောင်ရွက်ခဲ့တာနဲ့အမျှ တရုတ်ပြည်ရဲ့ သွင်းကုန်ပို့ကုန် လုပ်ငန်းဟာ တဖြည်းဖြည်း ပြန်လည် တိုးတက်လာပြီး မေလနဲ့ ဇွန်လမှာ တိုးတက်မှု အရှိန် အထူး ကောင်းမွန်ပါတယ်။

   ကမ္ဘာကြီးက တရုတ်ပြည်ကို လိုအပ်ပါတယ်။ အဲဒါဟာ တရုတ်ပြည်ရဲ့ နိုင်ငံခြား ကုန်သွယ်မှုက ဖိအားများကို ဖြတ်ကျော်ပြီး အားကောင်းစွာ ပြန်လည် တိုးတက်လာနိုင်ခဲ့တဲ့ အဓိက အကြောင်းရင်း တစ်ခု ဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိ စက်မှု ထုတ်ကုန် အမျိုးပေါင်း ၅၀၀ ကျော်ထဲမှာ တရုတ်ပြည်ထုတ် စက်မှု ထုတ်ကုန် အမျိုး ၂၂၀ ကျော် ရှိပြီး ထုတ်လုပ်မှု ပမာဏဟာ ကမ္ဘာ့ပထမ အများဆုံး ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ တရုတ်ပြည်မှာ ဝယ်လိုအား ပြန်လည် ပုံမှန် ဖြစ်လာခြင်းကလည်း တရုတ်ပြည်ရဲ့ နိုင်ငံခြား ကုန်သွယ်မှုကို အားကောင်းတဲ့ အထောက်အကူ ပြုနေပါတယ်။ ဝယ်လိုအားနဲ့ ရောင်းလိုအား တစ်ပြိုင်တည်း တိုးတက်လာခြင်းနဲ့ တရုတ်အစိုးရရဲ့ နိုင်ငံခြားကုန်သွယ်မှု တိုးမြှင့်ရေး ဆိုင်ရာ မူဝါဒများကြောင့် တရုတ်နိုင်ငံရဲ့ နိုင်ငံတကာ ကုန်ထုတ်လုပ်မှု ကွင်းဆက်နဲ့ ကုန်စည် ထောက်ပံ့မှုကွင်းဆက်မှာ အရေးကြီးအခန်းကဏ္ဍဟာ ပိုမို ခိုင်ခံ့လာနေပါတယ်။ ဒီနှစ် ပထမ နှစ်ဝက်ပိုင်းမှာ တရုတ်ပြည် နိုင်ငံခြားကုန်သွယ်မှု အားကောင်းစွာ တိုးတက်လာခြင်းဟာ နိုင်ငံခြားကုန်သွယ်မှု တစ်နှစ်တာလုံး တည်ငြိမ်စွာ တိုးတက် နိုင်ရေး အတွက် ခိုင်မာတဲ့ အခြေခံများကို ဖန်တီးပေးနေတယ်လို့ China Media Group မှ သတင်း ဆောင်းပါးတစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။