အခြေအနေကိုကျေအေးစေရန် သီရိလင်္ကာနိုင်ငံယာယီသမ္မတ ပန်ကြား

(GMT+08:00)2022-07-14 16:28:22  

ဒေသစံတော်ချိန် ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်းက သီရိလင်္ကာနိုင်ငံယာယီသမ္မတ (ဝန်ကြီးချုပ်ဟောင်း) Wickremesinghe က မိန့်ခွန်းပြောကြားရာတွင် လွှတ်တော် အတွင်းအပြင်၏ လုံခြုံရေးကိုအားဖြည့်ပြီဖြစ်ပြီး တစ်ပြည်လုံး၌ အရေးပေါ်အခြေအနေကို ဆောင်ရွက်ကာ အနောက်ပိုင်းပြည်နယ်များ၌ ညမထွက်ရအမိန့်ကို ကြေညာထားကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

တစ်ချိန်တည်းတွင်ပင် အခြေအနေကိုကျေအေးစေရန်အတွက် Wickremesinghe သည် ရဲချုပ်နှင့်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးတို့ကို ဖွဲ့စည်းထားပြီး လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ရှိသော ကော်မတီတစ်ခုကိုလည်း ခန့်အပ်ခဲ့ကြောင်း၊ ပြည်သူများအား ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ပြီး အလွန်အကျွံဖြစ်သောအကြမ်းဖက်မှုကိုရှောင်ရှားရန် ပန်ကြား ခဲ့ကြောင်း သတင်းရရှိပါသည်။